၎။ Push ကစားသမား
၅။ Markman ကစားသမား
၈။ တောပျော်မင်းသား
Crd##မူရင်း
🇲🇲Unicode🇲🇲
ပြည်တွင်းမှာ ရေပန်းစားနေတဲ့ ဂိမ်းက Mobile Legends: Bang Bang ဖြစ်ပါတယ်။ Dota 2 ကို မိုဘိုင်းဖုန်းနှင့် ကစားနိုင်အောင် လုပ်ဆောင်ထားတဲ့ ဂိမ်းတစ်မျိုးလည်း ဖြစ်ပါတယ်။ Mobile Legends ဂိမ်းက တစ်ကမ္ဘာလုံးက ကစားသမားတွေ အွန်လိုင်းမှာ အချိန်နှင့် တစ်ပြေးညီ ယှဉ်ပြိုင်တိုက်ခိုက်ကစားရတဲ့ ကစားနည်း ဖြစ်တာကြောင့် ကစားသူကို အရူးအမူးဖြစ်စေတဲ့ ဂိမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒီဂိမ်းက ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းသလို စိတ်ညစ်စရာတွေ၊ စိတ်ပျက်စရာတွေ၊ ဒေါသဖြစ်စရာတွေ အများကြီး ကြုံရတဲ့ ဂိမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။
တစ်ဖက် ငါးဦးစီ ယှဉ်ပြိုင်ရတဲ့ ဒီဂိမ်းမှာ ကစားသမားအားလုံး တက်ညီလက်ညီ စည်းရုံးမှုရှိမှ အနိုင်ရတဲ့ ဂိမ်းမျိုး ဖြစ်ပါတယ်။ ဒီဂိမ်းမှာ အကြောင်းတစ်ခုခုကြောင့် ကစားသမားတစ်ဦးဦး ထွက်သွားရင် အဲဒီအသင်းက ရှုံးနိမ့်ဖို့ သေချာသလောက် ရှိသွားတတ်ပါတယ်။
စာရေးသူဟာလည်း Mobile Legends ဂိမ်းကို ပုံမှန်ကစားနေတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဒီဂိမ်းနဲ့ ပတ်သက်ပြီး ပျော်ရွှင်စရာတွေ၊ စိတ်ပျက်စရာတွေ၊ ဒေါသထွက်စရာတွေ တပြုံတစ်ခေါင်းကြီး ကြုံတွေ့ရဖူးပြီး ဖြစ်ပါတယ်။
ဒါကြောင့်လည်း ယနေ့မှာ Mobile Legends ဂိမ်းမှာ ကြုံတွေ့ရတဲ့ ကစားသမား ၁၀ မျိုးအကြောင်းကို ရေးဖို့ စိတ်ကူးပေါက်လာတာ ဖြစ်ပါတယ်။ အခု ရေးသားမယ့် ကစားသမား ၁၀ မျိုးက အဆင့်နိမ့် Ranked မှာ အများဆုံး ကြုံတွေ့ရတဲ့ ကစားသမားမျိုး တွေ ဖြစ်ပါတယ်။ အခု ရေးလာမယ့် အချက်တွေထဲမှာ တစ်ခုခုနဲ့ ကိုက်ညီတယ်ဆိုရင်လည်း အမြန်ဆုံးပြုပြင်ပြောင်းလဲပေးကြပါလို့ တောင်းဆိုပါရစေ။ ကိုယ်လည်း Legend ရောက်ချင်လှပြီ။ Epic တဝဲ၀ဲလည် ဘဝက လွတ်ချင်ပြီဗျ။
၁။ ငါကစားချင်တဲ့ Hero ကို ပေးရင်ပေး/ မပေးရင် AFK ပဲ
Mobile Legends မှာ ရွေးချယ်စရာ Hero တွေ အများကြီး ဖြစ်ပါတယ်။ ဒီလို ကစားသမားမျိုးတွေက Hero တစ်မျိုးတည်းကိုပဲ ကစားတတ်တဲ့သူတွေ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ယင်း Hero ကိုမှ ကစားချင်တဲ့ သူမျိုး ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ လိုချင်တဲ့ Hero ကို မရဘူးဆိုရင် AFK လုပ်ပစ်မယ်လို့ ခြိမ်းခြောက်တတ်ကြပါတယ်။ ဒီတော့ အခြားကစားသမားတွေဟာ ကိုယ့်အသင်းမှာ AFK ကစားသမားပါလာမှာ စိုးလို့ သူ့စိတ်ကြိုက် Hero ကို ပေးကိုင်ရပါတယ်။
၂။ အလယ်လမ်းမကစားရရင် Feed မယ့်ကစားသမား
Mobile Legends ကစားတဲ့အခါ Hero ရွေးချယ်ကို ကြည့်ပြီး ဘယ်ကစားသမားကို အလယ်လမ်းသွားရမယ်ဆိုတာ ပြေးမြင်တတ်ကြပါတယ်။ အခု စာရေးသူ ပြောပြမယ့် ကစားသမားတွေက Hero မရွေးခင်ကတည်းက အလယ်တန်းသွားခွင့်ပေးရင်ပေး/မပေးရင် ပြိုင်ဘက်အသင်းကို ထိုးကြွေးပစ်မယ်လို့ ကစားဖော်ကို ခြိမ်းခြောက်တတ်တဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီလို ကစားသမားတွေက အလယ်လမ်း သွားရင် များများ Farm ပြီး အကောင်းဆုံးကစားနိုင်တယ်လို့ ယူဆကြတဲ့ကစားသမားတွေ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလို ကစားသမားတွေ ပါဝင်လာရင် ကိုယ့်အသင်း ရှုံးမှာ စိုးလို့ အလမ်းသို့ သွားခွင့်ပေးရပါတယ်။
၃။ စကားနာထိုးချင်နေသူများ
Mobile Legends ဂိမ်းကို တကယ်တမ်း အာရုံစိုက်ကစားသူတွေက စာရိုက်ဖို့တောင် မအားကြပါဘူး။ Map ကို ကြည့်ရ၊ ကိုယ့်လမ်းလည်း ထိန်းရ၊ ခရိလည်း စားရနဲ့ မအားလပ်ကြပါဘူး။ ဒါ့အပြင် စာရိုက်ပြီဆိုရင် ကီးဘုတ်က မျက်နှာပြင်ကို ဖုံးသွားတာကြောင့် ဂိမ်းကို ဘာမှ မမြင်ရတော့ပါဘူး။ ဒီဂိမ်းမှာ စာတွေ ပေါက်ကရ အဆက်မပြတ် ရိုက်ပြီး ပြောနေတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီလို ကစားသမားတွေက ကီးဘုတ်မှာ မြန်မြန် ရိုက်တတ်ပြီး ဂိမ်းကျတော့ ဟုတ်တိပတ်တိ ကစားတတ်ကြတဲ့သူတွေ မဟုတ်ပါဘူး။ သူတို့ဟာ သူတို့မကြိုက်တဲ့ Hero ကို ကစားဖော်တစ်ဦးကို ရွေးတာမြင်တာနဲ့ F*cking Noob idiot လို့ စာရိုက် ပြောတတ်ကြပါတယ်။ ကိုယ့်အသင်းနိုင်နေရင် All Chat ကနေ ပြိုင်ဘက်အသင်းကို Noobs ၊ ez ၊ GG လို့ ပြောတတ်ကြပါတယ်။ ဒါမှမဟုတ်ရင်လည်း Exellent Game လို့ ပြိုင်ဘက်ကို လှောင်တတ်ကြပါတယ်။
၄။ Push ကစားသမား
ဒီကစားသမားတွေက အချိန်ပြည့် Push နေတဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။ ကိုယ့်အသင်း Battle ဆိုင်နေရင်လည်း ဂရုမစိုက်တတ်ကြပါဘူး။ ကိုယ့်ကို အကူအညီကို အသင်းက လိုနေလည်း ဂရုမစိုက်ပါဘူး။ သူတို့က သူတို့ရဲ့ တစ်ခုတည်းသော Mission ဖြစ်တဲ့ လမ်း Push ရေးကိုပဲ အာရုံစိုက်တတ်ပါတယ်။ ပွဲဘာတွေဖြစ်ဖြစ် တစ်လမ်းပြီး တစ်လမ်း ပြောင်းကာ Push နေတတ်ပါတယ်။ ကိုယ့်တာဝါကို လာပြိုနေရင်လည်း ဂရုမစိုက်ပါဘူး။ ယင်းကစားသမားတွေ Zilong ကို ကိုင်တတ်ကြပါတယ်။ သူတို့က Bane ကို လမ်း Push တာ အကောင်းဆုံး Hero လို့လည်း ယုံကြည်တတ်ကြပါတယ်။
၅။ Markman ကစားသမား
Mobile Legends မှာ Markman ကိုပဲ ကိုင်တတ်တဲ့ ကစားသမားတွေ ရှိပါတယ်။ ရှေ့က Markmen နှစ်ကောင် လောက်အထိ ရွေးချယ်သွားရင်လည်း သူတို့ဟာ Markman ပဲ ရွေးတတ်ကြပါတယ်။ သူတို့ကို အခြားကစားဖော်တွေက Hero ပြောင်းဖို့ ပြောလာတဲ့ရင်လည်း Shut up ၊ F*ck u ဆိုပြီးတော့ တုံ့ပြန်တတ်ကြပါတယ်။
၆။ ကိုယ့်လမ်းက မခွာတဲ့ ကစားသမား
တစ်ချို့ကစားသမားတွေက ကိုယ့်လမ်းကနေ လုံး၀ မခွာကြပါဘူး။ အထူးသဖြင့် ပွဲအစောပိုင်းမှာ ဖြစ်ပါတယ်။ ကိုယ့် ပထမတာဝါမကျိုးမချင်း ကိုယ့်လမ်းကနေ မခွာပါဘူး။ သူတို့က Jungle လည်း မဝင်သလို၊ Turtel သတ်ရာမှာလည်း မကူပါဘူး။ အခြားလမ်းမှာ Teamfight ဖြစ်နေရင်လည်း ဂရုမစိုက်ကြပါဘူး။ ပြိုင်ဘက်ကစားသမားတွေကို သူတို့လမ်းကို လာပြီး သတ်သွားချိန်ကြရင် ကစားဖော်တွေကို Noob Team ၊ Never help ၊ l’m afk ဆိုပြီး အပြစ်တင်တတ်ကြပါတယ်။
၇။ l will take the buff ကစားသမား
ဒီကစားသမားတွေက ပွဲစပြီဆိုတာနဲ့ Blue buff monster ဆီကို တန်းသွားတတ်ကြပါတယ်။ သူတို့ဟာ Hilda (သို့မဟုတ်) Balmond တို့လို Hero ကို ရွေးချယ်ထားတယ်ဆိုရင်တောင် Buff စားချင်တတ်ကြပါတယ်။ အများအားဖြင့် Blue Buff ကို Assassin ကို ဦးစားပေးပြီး စားရတာမျိုး မဟုတ်ပါဘူးလား။ ကိုယ်က Assassin ကိုင်ထားလို့ Blue Buff စားလိုက်ရင် စိတ်ကောက်ပြီး အိမ်ပြန်ကာ ရုံထဲမှာ ထိုင်ကာ တစ်ပွဲလုံး ပေါက်ကရ တွေ ထိုင်ပြောနေတတ်ကြပါတယ်။
၈။ တောပျော်မင်းသား
ဒီကစားသမားတွေက Pro တွေဆီကနေ တောဝင်ပြီး များများ Farm မှုက ပွဲမှာ အရမ်းအရေးကြီးတယ်လို့ ပြောတာကို နားစွန်နဖျားကြားဖူးတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ တစ်ချိန်လုံးလိုလို တောထဲမှာ Farm နေတတ်ကြပါတယ်။ Lev 15 ရောက်နေရင်တောင် တောထဲ ဝင်တတ်ကြပါသေးတယ်။ ကိုယ့်အသင်း ဘာဖြစ်ဖြစ် ဂရုမစိုက်ကြပါဘူး။ သူတို့ Map ကြည့်တယ်ဆိုရင် ပွဲအခြေအနေ ကြည့်ဖို့မဟုတ်ဘူး ဘယ်နေရာမှာ Jungle Monster ပေါ်သလဲဆိုတာ ကြည့်တာ ဖြစ်ပါတယ်။
၉။ ကိုယ့်ကိုယ်ကို ဆရာကြီးလို့ ထင်နေကြသူများ
မသေဆေးရထားတယ်လို့ ထင်နေတတ်တဲ့ကစားသမားမျိုး ဖြစ်ပါတယ်။ သူတို့က သုံးကောင်တစ်ကောင်လည်း fight တာပါပဲ။ ငါးကောင်တစ်ကောင်လည်း ချတာပါပဲ။ နောက်ဆုံး အသေများသွားရင် ဂိမ်းက ထွက်သွားတတ်ကြပါတယ်။
၁၀ ။ အတတ်ဆုံးကြိုးစားကစားတတ်ကြတဲ့ကစားသမား
ဒီလိုကစားသမားတွေက ပွဲအနိုင်ရအောင် တကယ်ပဲ အားကြိုးမာန်တတ်အာရုံစိုက်ပြီး ကစားတတ်ကြပါတယ်။ သူတို့က ပွဲရဲ့အခြေခံသဘောတရားကို နားလည်တတ်ကြပါတယ်။ သူတို့ဟာ ကိုယ့်ကစားဖော်တွေကို အတတ်နိုင်ဆုံးကူညီဖို့ ကြိးစားတတ်ကြပါတယ်။ တာဝါကို ကာကွယ်ကြပါတယ်။ သူတို့ လုပ်နိုင်သမျှ အတတ်နိုင်ဆုံး လုပ်တတ်ကြပါတယ်။ အဲဒီလိုကစားသမားတွေ ပါရင် ကိုယ့်အသင်း ရှုံးနိုင်ချေများတယ်ဆိုရင်တောင် ကြွေတလှည့်ကြွက်တစ်ခုန်ဆိုသလို အလှည့်အပြောင်းဖြစ်ပြီး အနိုင်ရတတ်ပါတယ်။ သူတို့လိုကစားသမားတွေ ပါနေရင် အများအားဖြင့် နိုင်တာ များပါတယ်။ ရှုံးတယ်ဆိုရင်လည်း တစ်ယောက်ယောက်က အထက်မှာ ဖော်ပြခဲ့တဲ့ အချက် ၉ ချက်နှင့် ကိုက်ညီတဲ့ ကစားသမားမျိုး ဖြစ်နေလို့ပဲ ဖြစ်ပါလိမ့်မယ်။
Crd##မူရင်း