Full Guide for Hero Akai ( Tank )
===========================
Passive; Tai Chi
Skill Two; Blender
🇲🇲Unicode🇲🇲
===========================
Akai လို့ပြောလိုက်တာနဲ့ ML Player တွေအနေနဲ့ Land of Down ရဲ့ပြင်းထန်တဲ့ တိုက်ပွဲတွေ ကြားမှာ မွှေနှောက်နေတဲ့ ပန်ဒါတစ်ကောင်ကို ပြေးမြင်မိကြမှာပါ။ Battle တစ်ခုကို ကောင်းကောင်း ထိန်းချုပ်နိုင်ပြီး အသင်းဖော် တွေကိုလဲ ကောင်းကောင်းကာကွယ်ပေးနိုင်တဲ့အတွက် လူကြိုက်များတဲ့ ချစ်စရာ Tank တစ်ကောင်ဖြစ်ပါတယ်။ BattlePoint 32000 (or) Ticket 599 ထဲနဲ့ ရရှိနိုင်တဲ့အတွက် Tank Player များအတွက်ကတော့ မဝယ်မဖြစ်ဝယ်ထားသင့်တဲ့ Hero တစ်ယောက်ပါ။
Background Story ကိုတော့ သိပြီးသားဖြစ်ကြတဲ့အတွက် ကျော်လိုက်ပြီး သူရဲ့ Skill & Ability တွေကနေ စပြောပါမယ်။
Passive; Tai Chi
Skill တစ်ခုခု သုံးလိုက်တိုင်း AKAIမှာ Shield(အကာအကွယ်) တစ်ခုရရှိမှာဖြစ်ပါတယ်။ အဲ့ဒီ Shieldဟာ Akai'sအများဆုံးသွေးပမာဏ၏ ၈% သောထိခိုက်မှုတွေကို ၂စက္ကန့်အတွင်း ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ ဒီ Passive ကိုနောက်တစ်ခါပြန်ရဖို့ ၂.၅စက္ကန့် စောင့်ရမှာဖြစ်ပါတယ်။
( ဒီpassiveက အပို Shield တစ်ခု ရရှိစေတဲ့အတွက် ပုံမှန်ထက် Damage များကို ပိုခံနိုင်တဲ့အတွက် Akaiကို Tankကောင်းကောင်းတစ်ယောက် ဖြစ်စေပါတယ်။ ကောင်းကောင်း အသုံးချနိုင်ရင် အရေးပေါ်အခြေအနေမှာ Escape (အသက်ရှင်ကျန်လွတ်မြောက်) နိုင်ပြီး တစ်ဦးခြင်း ရင်ဆိုင်တွေ့တဲ့အခါ မိမိအသာရဖို့ အသုံးဝင်တဲ့ အစွမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ )
Skill One; Thousand Pounder
Akai က ရည်ရွယ်ထားတဲ့ ပစ်မှတ်နေရာဆီကို ခုန်ဝင်လိုက်တာဖြစ်ပါတယ်။ ခုန်ဝင်လိုက်တဲ့ နေရာမှာ ရှိတဲ့ Enemyတွေကို Magic Damage 300 / 350 / 400 / 450 / 500 / 550 (level အလိုက်တိုးလာ) နှင့်အတူ ကိုယ့်စုစုပေါင်း Damage ရဲ့ ၅၀% ကို ထိစေမှာဖြစ်ပြီး ၂စက္ကန့် နှေးစေမှာဖြစ်ပါတယ်။ ဒါ့အပြင် Skill-two ဖြင့် Mark လုပ်ထားတဲ့ Enemy ကို ဒီ Skill သုံးရင် ၁စက္ကန့် Stun ဖြစ်နေစေမှာ ဖြစ်ပါတယ်။
Skill Cooldown – 11 / 10.4 / 9.8 / 9.2 / 8.6 / 8 စက္ကန့် ( Level အလိုက်လျော့လာ) ရှိပြီး
Skill တစ်ခါသုံးတိုင်း Mana Cost – 70 ရှိပါတယ်။
( ဒီ skill ရဲ့အားသာချက်က တော်တော်ဝေးဝေးခုန်နိုင်တာပါပဲ။ Battle တွေမှာ Flicker + skilll one နဲ့ တဖက်အသင်းရဲ့ အနောက်တန်းထဲထိ ခုန်ဝင်ပြီးတိုက်ခိုက်နိုင်သလို တချို့အခြေအနေတွေမှာလဲ Akaiကို လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ Skill one + Petrify နဲ့လဲ enemy တွေကို လိုက်ဖမ်းလို့ ရပါတယ်။ Skill two +Skill one Cambo ကလဲ လွယ်လွယ်ကူကူနဲ့ တော်တော်လေးကို အသုံးဝင်ပါတယ်။ )
Skill Two; Blender
Akai က သူ့ဆီကဖားကို ရည်ရွယ်ထားတဲ့ပစ်မှတ်ဆီသို့ ပစ်လွတ်လိုက်တာဖြစ်ပါတယ်။ ဖားကျရောက်တဲ့နေရာမှာပေါက်ထွက်ကာ အနီးနားမှရှိတဲ့ Enemyတွေကို Physical Damage 350 / 380 / 410 / 440 / 470 / 500 (level အလိုက်တိုးလာ) နှင့်အတူ Item တွေကရတဲ့ Damage စုစုပေါင်းရဲ့ ၁၂၀%ကို ထိစေမှာဖြစ်ပြီး ဖားပုံအမှတ်လေးတစ်ခု ၅စက္ကန့် ပေါ်နေမှာဖြစ်ပါတယ်။ အမှတ်ပေါ်နေတဲ့ အချိန်အတွင်း တိုက်ခိုက်ပါက Akai's အများဆုံး သွေးပမာဏ၏ 5% ကို အပို Physical Damage အဖြစ် ထိခိုက်စေမှာဖြစ်ပါတယ်။
Skill Cooldown – 8.5 / 8 / 7.5 / 7 / 6.5 / 6 စက္ကန့် ( Level အလိုက်လျော့လာ) ရှိပြီး
Skill တစ်ခါသုံးတိုင်း Mana Cost – 70 / 80 / 90 / 100 / 110 / 120 (level အလိုက်တိုးလာ) ရှိပါတယ်။
( ဒီ Skill က Poke (စိတ်အနှောက်အယှက်ဖြစ်အောင်) လုပ်ရာတွင် တော်တော်အသုံးဝင်ပါတယ်။ AoE skill တစ်ခုဖြစ်တဲ့အတွက် အမှတ်လုပ်ရတာလဲ လွယ်ကူပါတယ်။ အကြိုက်ဆုံးအချက်ကတော့ သွေးပမာဏကနေ အပို Damage ထိခိုက်မှုပါပဲ။ ကိုယ့်အမြင့်ဆုံးသွေးပမာဏများလေလေ Damage ထွက်လေလေ ဆိုတော့ Tank တစ်ယောက်အတွက် GG ပါပဲ။ )
Ultimate skill; Hurricane Dance
Akai က သူ့ကိုသူ ဟာရီကိန်း မုန်တိုင်းတစ်ခုလို ပတ်ချာလည်လှည့်ပြီး တိုက်ခိုက်တာ ဖြစ်ပါတယ်။ Ult သုံးထားတဲ့အချိန် သူ့နဲ့ထိမိတဲ့ Enemy တွေအား အနောက်ကိုတွန်းပါတယ် ဒါ့အပြင် Physical Damage 180 / 360 / 540 (level အလိုက်တိုးလာ) နှင့်အတူ Item တွေကရတဲ့ Damage စုစုပေါင်းရဲ့ ၁၀၀%ကို ထိစေမှာဖြစ်ပြီး ကြာချိန်က ၃.၅ စက္ကန့် ဖြစ်ပါတယ်။ အဲ့ဒီအချိန်အတွင်း Crowd Cotrol Effect တွေကို Immue ဖြစ်စေပြီး ရွေ့လျားမှုနှုန်းကိုလဲ ၃၀ ထပ်ပေါင်းပေးပါတယ်။
Skill Cooldown – 40 / 36 / 32 စက္ကန့် ( Level အလိုက်လျော့လာ) ရှိပြီး
Skill တစ်ခါသုံးတိုင်း Mana Cost – 120 ရှိပါတယ်။
( Ult အသုံးပြုပုံကိုတော့ Player တိုင်းရင်းနှီးကြမှာပါ 2+1 cambo နဲ့ Ult ပေါင်းပြီး တာဝါထဲဆွဲသွင်း တာမျိုးတွေ၊ Enemy ဘက်က အကြမ်းဆုံးကောင်တွေကို နံရံနဲ့ကပ်အောင်တွန်းထားပြီး အသင်းဖော်တွေက ဝိုင်းသတ်တာမျိုးတွေ၊ တာဝါထဲရှောင်နေတဲ့ Enemy ကို အပြင်ဆွဲထုတ်ပေးတာမျိုးတွေ လုပ်နိုင်သလို Battleတွေမှာ ကိုယ့်အသင်းရဲ့ MM , Mage တို့ကိုလာနှိုက်တဲ့ Emeny's ass, Tank, Fighter တွေကို တွန်းထုတ်ပြီး ကာကွယ်ပေးနိုင်ပါတယ်။ မိမိကိုယ်ကို Escape လုပ်တဲ့နေရာမှာလဲ သုံးလေ့ရှိကြပါတယ်။ ဒါ့အပြင် AoE Damage နဲ့ Disable Effect ကောင်းကောင်းပါတဲ့အတွက် Battle တစ်ခုကို ကောင်းကောင်း ထိန်းချုပ်နိုင်ပြီး ကိုယ့်အသင်းကို အသာစီးရစေနိုင်ပါတယ်။ ဒါပေမယ့် ဒီ Skill ကို ချိန်သားကိုက် တိတိကျကျ သုံးနိုင်ဖို့က အရမ်းအရေးကြီး ပါတယ်။ လွဲမှားစွာအသုံးပြုမိရင် ကိုယ့်လူကိုသေကြောင်းကြံမိတာ သေခါနီးရန်သူကို လွတ်သွားအောင် လုပ်မိတာမျိုးဖြစ်စေနိုင်ပြီး ကိုယ့်အသင်းကို အရေးနိမ့်စေနိုင်တဲ့အတွက် အထူးသဖြင့် အမှားမခံတဲ့ Late Game လိုအချိန်မျိုးမှာ သေချာဂရုတစိုက် သုံးစေချင်ပါတယ်။ )
Recommed First skill – Early game ထဲက ကိုယ့် အသင်းက ass နဲ့တူတူ Emeny jungle ထဲ ဝင်နှောက်မယ်ဆိုရင် escape လုပ်နိုင်အောင် skill one ကိုယူသင့်ပြီး Farming ကူတာ solo လမ်းထိန်းတာမျိုးနဲ့ စမယ် ဆိုရင်တော့ Skill two ယူသင့်ပါတယ်။
Recommed Battle spell – ပုံမှန်ကစားဟန်တွေအတွက် Flicker (or) Petrify ကိုအကြံပေးချင်ပါတယ်။ Retribution သုံးပြီးတော့လဲ enemy jungle ကို ကောင်းကောင်းနှောက်လို့လဲရပါတယ်။
Recommed Item – ဖိနပ်အနေနဲ့ Rapid boots (or) Demon shoes ကို အထူးအကြံပေးချင်ပါတယ်။ Extera Gold ရချင်ရင်တော့ Wizard boots နဲ့ကစားလို့ရပါတယ်။ ပွဲအခြေအနေအရ လိုအပ်မယ့် Defense Item ကို ချင့်ချိန်ပြီးဆက်ရမှာဖြစ်ပြီး Cursed Helment, Sky Guardian Helment, Twilight Amor, Dominace Ice တို့ကိုတော့ Akai နဲ့လိုက်ဖက်တဲ့ Defense item များအဖြစ် Recommed ပေးချင်ပါတယ်။ Akai ကို Tank-Fighter ဆန်ဆန်ကစားချင်ရင်တော့ Blade of the 7 seas, Endless Battle, Blade of Despair တို့ကို ထည့်ကစားတာက ပိုလိုက်ဖက်ပါတယ်။ Akai ဟာ mana cost အနည်းငယ်များတဲ့အတွက် အထူးသဖြစ် Early ပိုင်းမှာ mana regan အတွက်ထည့်စဉ်းပြီး Item ရွေးချယ်သင့်ပါတယ်။
Recommed Play Style – Akai ဟာ Tank Role အတွက် တော်တော်ထောင့်စေ့အောင် ဖန်တီးထားတဲ့ Tank တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်နဲ့ကိုက်ညီတဲ့ ပုံစံနဲ့ ကစားနိုင်ပါတယ်။ Roming, Hunting ကောင်းတဲ့အတွက် လိုက်လံတိုက်ခိုက် နိုင်သလို CarryHero ကိုအနီးကပ် အကူအညီပေး၊ ကာကွယ်ပေးရင်း Support ဆန်ဆန် လဲဆော့နိုင်ပါတယ်။ တစ်ယောက်ထည်း လမ်းထိန်းရမယ်ဆိုရင်လဲ အဆင်ပြေပြေ ကစားလို့ရပါတယ်။ 2 Tank + Ass ပုံစံနဲ့ ကိုယ့်အသင်းဖော်တွေနဲ့ တွဲပြီး Enemy Jungle ထဲမွှေနှောက်ပြီး ကစားတဲ့ပုံမျိုးမှာလဲ ကောင်းကောင်း ကစားနိုင်ပါတယ်။ အဓိက အားဖြင့်တော့ Akai ဟာ Battle တွေထဲမှာ ပျော်တဲ့ Tank တစ်ကောင်ဖြစ်တဲ့အတွက် ကိုယ့် Team ရဲ့ Battle တွေတိုင်းမှာ ရှိနေပြီး ကာကွယ်ပေးခြင်း / ရှေ့တန်းကဦးဆောင်၍ ထိုးဖောက်တိုက်ခိုက်ပေးခြင်း တို့ဖြင့် အနိုင်ရအောင် စွမ်းဆောင်ပေးသင့်ပါတယ်။
Counter of Akai - Akai ရဲ့ အဓိက skill ဖြစ်တဲ့ Ult skill ကို ပျက်အောင် Zilong / Saber / Nana / Martis / Vexina / Valir ... အစရှိတဲ့ Hero တွေက ဖျက်နိုင်တဲ့အတွက် သတိထားသင့်ပါတယ်။ Diggie ကတော့ Akai Ult ကို လုံးဝ Useless ဖြစ်သွားအောင် လုပ်နိုင်ပါတယ်။ တချို့သော အခြေအနေတွေမှာ Kagura က Akai ရဲ့ Ult အောက်ကနေ လွတ်မြောက်နိုင်ပါတယ်။