Saturday, September 15, 2018

Hero Guide(Kagura-MAGE)

Kagura-mage

ပထမဆံုး သိထားရမွာ Kaguraရယ္၊ သူ႔ထီးရယ္နဲ႔ လက္ထဲထီး႐ွိရင္ Skill(Green)ျဖစ္ၿပီး လက္ထဲထီးမ႐ွိရင္ Skill(Red)ဆိုတာပါ။
လူနဲ႔ ထီးနဲ႔ ေပါင္းမိရင္ လူက shieldရၿပီး၊ အနားမွာ ရန္သူ႐ွိရင္ မူးေစပါတယ္။
ထီးကို ခ်ံဳပုတ္ထဲထည့္လိုက္ရင္ အဲ့ခ်ံဳထဲက ရန္သူကို ျမင္ႏိုင္ပါတယ္။
ဒါက သူ႔Passiveပါ။

Skill 1(Green)က လူဆီကေန ထီးကို ကိုယ္လိုခ်င္တဲ့ေနရာကို ပစ္တာပါ။
ထီးလမ္းေၾကာင္းတေလွ်ာက္ ထိတဲ့သူဟာ damageအျပင္ 60%အေျပးေႏွးေစပါေသးတယ္။
#
Skill 1(Red)က ထီးကို မူလေနရာကေန ေနာက္တေနရာကို ေနရာေရြ႕တာပါ။
#
Skill 1ရဲ႕ Greenနဲ႔ Redဟာ damage, effectအျပင္ cooldownကလည္း ၁ခုတည္းပါပဲ။

Skill 2(Green)က လူက မူလေနရာကေန ကိုယ္ဦးတည္တဲ့ မွ်ားေနရာကို ထီးကုိထားခဲ့ၿပီး ေရႊ႕တာပါ။
ဒီSkillသံုးခ်ိန္ ရန္သူရဲ႕ Effectမွန္သမွ်ကို ဖ်က္ပစ္ၿပီး ေနရာေရႊ႕ႏိုင္ပါတယ္။
လက္ျမန္ရင္ ရန္သူအေတာ္မ်ားမ်ားရဲ႕ Skillေတြကို ဖ်က္ပစ္ႏိုင္ပါတယ္။
#
Skill 2(Red)က လူက ပစ္ထားခဲ႔တဲ့ ထီးေနရာကို ေရာက္သြားတာပါ။
ဒီSkillသံုးခ်ိန္ လူနဲ႔ ထီးနဲ႔ ေပါင္းမိတာ ျဖစ္တဲ့အတြက္ ကိုယ္က Shieldရၿပီး ရန္သူအနားမွာ႐ွိရင္ မူးေစပါတယ္။
#
Skill 2ရဲ႕ Greenနဲ႔ Redဟာ Cooldown သပ္သပ္စီပါ။

Skill 3 Ulti(Green)က ကိုယ့္ဆီကေန ၾကာပန္းေလးထြက္လာၿပီး အနားမွာ႐ွိတဲ့ ရန္သူေတြကို တြန္းထုတ္ damageထိေစပါတယ္။
#
Skill 3 Ulti(Red)က ထီးဆီကေန ႀကိဳးေလးထြက္လာၿပီး ရန္သူherosေတြကို အေျပးေႏွးေစပါတယ္။
၃စကၠန္႔အတြင္းမွာမွ ႀကိဳးစက္ကြင္းက လြတ္ေအာင္မ႐ုန္းႏိုင္ရင္ ထီးဆီကို ဆြဲစုၿပီး damageထိေစပါတယ္။
ဒီSkillသံုးထားခ်ိန္ Skill 1(Red)နဲ႔ ထီးကို ေနရာေရႊ႕ၿပီး ရန္သူေတြကို ႀကိဳးစက္ကြင္းမလြတ္ေအာင္ လုပ္လို႔ရပါေသးတယ္။
ဒီလိုလုပ္လို႔ရေအာင္လည္း ဒီSkillသံုးရင္ Skill 1ရဲ႕ cooldownကို ဖ်က္ေပးထားပါတယ္။
#
Skill 3 Ultiရဲ႕ Greenနဲ႔ Redဟာလည္း Cooldown သပ္သပ္စီပါ။

အသံုးျပဳပံု....

အဓိကတိုက္ခိုက္တဲ့ပံုစံက Skill 1နဲ႔ ရန္သူကိုပစ္၊ Skill 2(R)သံုးၿပီး ရန္သူေပၚသြား (ကိုယ္က shieldရ၊ ရန္သူ damageထိၿပီး stunျဖစ္)၊ Skill 2(G)သံုးၿပီး ကိုယ့္ေနရာ ကိုယ္ျပန္ေန (ရန္သူက ကိုယ့္ကို Skillေတြသံုးလိုက္လည္း ဘာမွမျဖစ္)
လက္ကြက္က 1,2,2။

ဒုတိယတိုက္ခိုက္တဲ့ပံုစံက Skill 1နဲ႔ ရန္သူကိုပစ္၊ Skill 2(R)သံုးၿပီး ရန္သူေပၚသြား၊ Skill 3(G)သံုးၿပီး ရန္သူကို တြန္း၊ Skill 2(G)နဲ႔ ကိုယ့္ေနရာျပန္၊ Skill 3(R)ကို ထပ္သံုးၿပီး ရန္သူေတြကို ႀကိဳးခ်ိတ္၊ Skill 1(R)နဲ႔ ထီးေနရာေရႊ႕ၿပီး ရန္သူမလြတ္ေအာင္ဖမ္း။
လက္ကြက္က 1,2,3,2,3,1။

တတိယတိုက္ခိုက္တဲ့ပံုစံက Skill 1နဲ႔ ရန္သူကိုပစ္၊ Skill 3(R)သံုးၿပီး ရန္သူကို ႀကိဳးခ်ိတ္၊ Skill 1(R)သံုးၿပီး ရန္သူကို မလြတ္ေအာင္ဖမ္း၊ ၃စကၠန္႔တြက္ၿပီး Skill 2(R)သံုး၊ ၿပီးSkill 3(G)ဖြင့္ၿပီး ရန္သူကို တြန္းထုတ္၊ Skill 2(G)နဲ႔ ကိုယ့္ေနရာျပန္၊ Skill 1(R)နဲ႔ ရန္သူကို ထပ္ပစ္။
လက္ကြက္က 1,3,1,2,3,2,1။

ထြက္ေျပးတဲ့အခါ ရန္သူကို Skill 1နဲ႔ ပစ္ ရန္သူေႏွးေအာင္လုပ္ၿပီး ထြက္သာေျပး၊ ထီးလက္ထဲေရာက္မွ Skill 2(G)နဲ႔ ထပ္ေျပးလို႔ ရတယ္။
Skill 2(G)နဲ႔ ေျပးရင္ေတာ့ ထပ္လိုက္လာရင္ Skill 1(R)သံုးၿပီး ရန္သူကို ေႏွးေအာင္လုပ္လို႔ရတယ္။
ဒီၾကားထဲ Skill 2(R)သံုးၿပီး ဟိုဘက္၊ ဒီဘက္ ျပန္လွည့္ေျပးလို႔ ရတယ္။
(အႏၲရာယ္ေတာ့ အေတာ္မ်ားတယ္)

ထံုးစံအတိုင္းပါပဲ ျမန္မာေတြ အဆဲကင္းေဝး top playersခ်ည္းျဖစ္ၾကပါေစ။

🇲🇲Unicode🇲🇲

Kagura-mage


ပထမဆုံး သိထားရမှာ Kaguraရယ်၊ သူ့ထီးရယ်နဲ့ လက်ထဲထီးရှိရင် Skill(Green)ဖြစ်ပြီး လက်ထဲထီးမရှိရင် Skill(Red)ဆိုတာပါ။

လူနဲ့ ထီးနဲ့ ပေါင်းမိရင် လူက shieldရပြီး၊ အနားမှာ ရန်သူရှိရင် မူးစေပါတယ်။

ထီးကို ချုံပုတ်ထဲထည့်လိုက်ရင် အဲ့ချုံထဲက ရန်သူကို မြင်နိုင်ပါတယ်။

ဒါက သူ့Passiveပါ။


Skill 1(Green)က လူဆီကနေ ထီးကို ကိုယ်လိုချင်တဲ့နေရာကို ပစ်တာပါ။

ထီးလမ်းကြောင်းတလျှောက် ထိတဲ့သူဟာ damageအပြင် 60%အပြေးနှေးစေပါသေးတယ်။

#

Skill 1(Red)က ထီးကို မူလနေရာကနေ နောက်တနေရာကို နေရာရွေ့တာပါ။

#

Skill 1ရဲ့ Greenနဲ့ Redဟာ damage, effectအပြင် cooldownကလည်း ၁ခုတည်းပါပဲ။


Skill 2(Green)က လူက မူလနေရာကနေ ကိုယ်ဦးတည်တဲ့ မျှားနေရာကို ထီးကိုထားခဲ့ပြီး ရွှေ့တာပါ။

ဒီSkillသုံးချိန် ရန်သူရဲ့ Effectမှန်သမျှကို ဖျက်ပစ်ပြီး နေရာရွှေ့နိုင်ပါတယ်။

လက်မြန်ရင် ရန်သူအတော်များများရဲ့ Skillတွေကို ဖျက်ပစ်နိုင်ပါတယ်။

#

Skill 2(Red)က လူက ပစ်ထားခဲ့တဲ့ ထီးနေရာကို ရောက်သွားတာပါ။

ဒီSkillသုံးချိန် လူနဲ့ ထီးနဲ့ ပေါင်းမိတာ ဖြစ်တဲ့အတွက် ကိုယ်က Shieldရပြီး ရန်သူအနားမှာရှိရင် မူးစေပါတယ်။

#

Skill 2ရဲ့ Greenနဲ့ Redဟာ Cooldown သပ်သပ်စီပါ။


Skill 3 Ulti(Green)က ကိုယ့်ဆီကနေ ကြာပန်းလေးထွက်လာပြီး အနားမှာရှိတဲ့ ရန်သူတွေကို တွန်းထုတ် damageထိစေပါတယ်။

#

Skill 3 Ulti(Red)က ထီးဆီကနေ ကြိုးလေးထွက်လာပြီး ရန်သူherosတွေကို အပြေးနှေးစေပါတယ်။

၃စက္ကန့်အတွင်းမှာမှ ကြိုးစက်ကွင်းက လွတ်အောင်မရုန်းနိုင်ရင် ထီးဆီကို ဆွဲစုပြီး damageထိစေပါတယ်။

ဒီSkillသုံးထားချိန် Skill 1(Red)နဲ့ ထီးကို နေရာရွှေ့ပြီး ရန်သူတွေကို ကြိုးစက်ကွင်းမလွတ်အောင် လုပ်လို့ရပါသေးတယ်။

ဒီလိုလုပ်လို့ရအောင်လည်း ဒီSkillသုံးရင် Skill 1ရဲ့ cooldownကို ဖျက်ပေးထားပါတယ်။

#

Skill 3 Ultiရဲ့ Greenနဲ့ Redဟာလည်း Cooldown သပ်သပ်စီပါ။


အသုံးပြုပုံ....


အဓိကတိုက်ခိုက်တဲ့ပုံစံက Skill 1နဲ့ ရန်သူကိုပစ်၊ Skill 2(R)သုံးပြီး ရန်သူပေါ်သွား (ကိုယ်က shieldရ၊ ရန်သူ damageထိပြီး stunဖြစ်)၊ Skill 2(G)သုံးပြီး ကိုယ့်နေရာ ကိုယ်ပြန်နေ (ရန်သူက ကိုယ့်ကို Skillတွေသုံးလိုက်လည်း ဘာမှမဖြစ်)

လက်ကွက်က 1,2,2။


ဒုတိယတိုက်ခိုက်တဲ့ပုံစံက Skill 1နဲ့ ရန်သူကိုပစ်၊ Skill 2(R)သုံးပြီး ရန်သူပေါ်သွား၊ Skill 3(G)သုံးပြီး ရန်သူကို တွန်း၊ Skill 2(G)နဲ့ ကိုယ့်နေရာပြန်၊ Skill 3(R)ကို ထပ်သုံးပြီး ရန်သူတွေကို ကြိုးချိတ်၊ Skill 1(R)နဲ့ ထီးနေရာရွှေ့ပြီး ရန်သူမလွတ်အောင်ဖမ်း။

လက်ကွက်က 1,2,3,2,3,1။


တတိယတိုက်ခိုက်တဲ့ပုံစံက Skill 1နဲ့ ရန်သူကိုပစ်၊ Skill 3(R)သုံးပြီး ရန်သူကို ကြိုးချိတ်၊ Skill 1(R)သုံးပြီး ရန်သူကို မလွတ်အောင်ဖမ်း၊ ၃စက္ကန့်တွက်ပြီး Skill 2(R)သုံး၊ ပြီးSkill 3(G)ဖွင့်ပြီး ရန်သူကို တွန်းထုတ်၊ Skill 2(G)နဲ့ ကိုယ့်နေရာပြန်၊ Skill 1(R)နဲ့ ရန်သူကို ထပ်ပစ်။

လက်ကွက်က 1,3,1,2,3,2,1။


ထွက်ပြေးတဲ့အခါ ရန်သူကို Skill 1နဲ့ ပစ် ရန်သူနှေးအောင်လုပ်ပြီး ထွက်သာပြေး၊ ထီးလက်ထဲရောက်မှ Skill 2(G)နဲ့ ထပ်ပြေးလို့ ရတယ်။

Skill 2(G)နဲ့ ပြေးရင်တော့ ထပ်လိုက်လာရင် Skill 1(R)သုံးပြီး ရန်သူကို နှေးအောင်လုပ်လို့ရတယ်။

ဒီကြားထဲ Skill 2(R)သုံးပြီး ဟိုဘက်၊ ဒီဘက် ပြန်လှည့်ပြေးလို့ ရတယ်။

(အန္တရာယ်တော့ အတော်များတယ်)


ထုံးစံအတိုင်းပါပဲ မြန်မာတွေ အဆဲကင်းဝေး top playersချည်း ဖြစ်ကြပါစေ။



No comments:

Post a Comment