မင်္ဂလာပါဗျ,
ကစားသူတွေစောင့်မျှော်နေကြတဲ့ နောက်ဆုံးရ MM Hero ဒီဇိုင်းကို ရရှိလာပြီဖြစ်ပါသည်။ ပထမ အကြိမ်ဆွဲတုန်းက အငြင်းပွားဖွယ်တွေဖြစ်ခဲ့ပြီး ကျွန်တော်ကိုယ်တိုင် ပါဝင်ခွင့်ရပြီနောက် အခုလို သေသပ်တဲ့ မြန်မာ့မှုမြန်မာ့ဟန် မြန်မာနိုင်ငံ MLBB ဂိမ်းလောက၏ ပထမဆုံး Hero ထွက်ရှိလာတော့မည် ဖြစ်ပါတယ်။ ကစားသူတွေလည်း အခုထွက်ရှိလာတဲ့ နောက်ဆုံး ဒီဇိုင်းကို ကြိုက်နှစ်သက်ကြမယ်လို့လည်း ထင်ပါတယ်။
အချိန်ယူပြီး သေချာကို ရှင်းပြီ ဆွဲပေးခဲ့ရပါတယ်။ မြန်မာမှုမြန်မာဟန် ပေါ်လွင်စေဖို့ဆိုတာ အသေးစိတ်ကအစ သေချာလေ့လာပြီးတော့လုပ်ခဲ့ရတာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ eSport Game လောကတွင် ပထမဆုံး မြန်မာ ကိုယ်စားပြုမည့် Hero ကို ဂိမ်းထဲမှာ မကြာမှီမြင်တွေ့ရေတော့မှာကို အရမ်း ရင်ခုန်နေသလို ကစားသူတွေလည်း စောင့်ရကျိုးနပ်စေရမယ်လို့ ကတိပေးပါတယ်။
မကြာခင်မှာ Survey ကောက်သွားမှာဖြစ်ပြီး ၂ယောက်ထဲမှ တစ်ယောက်ကို ဂိမ်းထဲ ထည့်သွင်းသွားမှာဖြစ်သည့်အတွက် Survey ကောက်သည့်အခါ ကိုယ်တစ်ကယ် ကြိုက်နှစ်သက်သည့် Hero၊ ဂိမ်းထဲမှာ အမြင်ချင်ဆုံး Hero ကို သေချာစနစ်တကျဖြင့် Vote ပေးကြပါခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ကစားသူများကို အစဉ်လေးစားလျှက်,
#NatS0e
#Moonton
No comments:
Post a Comment